တွေးခေါ်ပညာရှင်ကြီးများ၏ ပညာသဘောနှင့်
လက်တွေ့ စာအုပ်တွင် ပညာရေးသည် လူတို့ အသက်ရှင်ရေး နှင့် စားဝတ်နေရေး
ပြေလည်စေရန် အလုပ်လုပ်ကိုင် ခြင်း အတွက် အထောက်အကူ ကိရိယာ ဖြစ်၏ ဟု
ဖော်ပြထားပေသည်။ သို့သော် ပအိုဝ်းတိုင်းရင်းသား အများစု၏ ယခင် ယူဆချက်ကား
ဤသို့ မဟုတ်ချေ။၎င်းတို့၏ အယူအဆမှာ မြေယာကိုအရင်းပြုပြီး
အသက်မွေးဝမ်းကျောင်းပြုသောသူသည် တစ်နေ့ သောအခါတွင် မြေယာကို အရင်းပြု၍
တစ်ဖန် အသက်မွေးရမည်သာ ဖြစ်သည်ဟု ယူဆကြသည်။ ထို့အပြင်ပညာရေးသည်
စားဝတ်နေရေးအတွက် အမှုထမ်းရန်ဖြစ်သည် ဟု ထင်မြင်ယူဆနေကြသည်။ဤသို့ မိရိုးဖလာ
အယူအဆများ ၊ လှေနံဓားထစ် အယူအဆများ ရှိနေသေးသဖြင့် မိမိတို့ သားသမီးများ၏
ပညာရေးကို အားမပေးချင်ကြခြင်းပင်ဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသားတို့သည်
ပညာသင်ကြား၍ အောင်မြင်လာသောအခါ အစိုးရအမှုထမ်းရမည်။ တက္ကသိုလ် မှ
ဘွဲ့တစ်ခုခုရ၍ အောင်မြင်လာသောအခါ အစိုးရအမှုမထမ်းလျှင်လည်းကောင်း
ထိုသင်ယူထားသော ပညာ သည် အလဟသ ဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။ ပညာတတ်
တစ်ယောက်သည် အစိုးရအမှုမထမ်းဘဲ မိမိကျေးလက်တောရွာတွင်ပင် မိရိုးဖလာ
လုပ်ငန်းဖြစ်သောခြံ တောင်ယာစိုက်ပျိုးရး လုပ်ငန်းကို ပြန်လည်
လုပ်ကိုင်လျှင် ၀ိုင်းဝန်းကဲ့ရဲ့ ပြောဆိုတတ်ကြသည်။ ပညာသင်ရကျိုး
မနပ်ကြောင်းဖြင့်လည်း ဝေဖန်ပြောဆို တတ်ကြသည်။ ထို့ကြောင့် ပညာသင်ရမည့်အစား
ခြံ၊တောင်ယာလုပ်ငန်းကို စိုက်ပျိုးလုပ်ကိုင် ပါက ပညာသင်စရိတ်
ကုန်ရန်မရှိကြောင်း စသည်ဖြင့် မိမိတို့ထင်မြင် ယူဆချက်ကို ဝေဖန်
ပြောဆိုတတ်ကြသည်။ ထို့ကြောင့် ယခင် ပအိုဝ်းတိုင်းရင်းသားတို့၏ ပညာရေး အယူအဆ
မှာ လမ်းမှားနေပေသည်။
ပအိုဝ်းတိုင်းရင်းသားတို့
နေထိုင်သော ကျေးရွာများ သည် မြို့ကြီးနှင့် အလှမ်းဝေးခြင်း
မြို့နှင့်အဆက်အသွယ် နည်းပါးခြင်း တို့ကြောင့် ဗဟုသုတ နည်းလေသည်။
စာဖတ်သူများကလည်း လုပ်ငန်းခွင်၌ အာရုံစိုက်မှု များနေခြင်း၊
စာအုပ်စာတမ်းမရှိသဖြင့် လေ့လာဆည်းပူးမှုမရှိခြင်း ပအိုဝ်းကျေးရွာများတွင်
စာကြည့်တိုက်များ မရှိခြင်း၊ စာဖတ်သူနည်းပါးခြင်း စသည်တို့ကြောင့်
ပညာရေးဗဟုသုတ နည်းပါးရလေသည်။ ပညာရေးအယူ အဆလွဲမှားခြင်း၊ ပညာရေးဗဟုသုတ
နည်းပါးခြင်းတို့ကြောင့် မိဘများသည် သားသမီးများ၏ ပညာရေးကို
အားမပေးကြခြင်းပင် ဖြစ်သည်။ အချို့မိဘ အုပ်ထိန်းသူများမှာ မိမိတို့
သားသမီးများ ကျောင်းနေချင် ၊ စာတတ်ချင် သဖြင့် ပူဆာသည်ကိုပင်
ပိတ်ပင်တားဆီးတတ်ကြလေသည်။
နောက်တစ်ခုမှာ
ဘာသာစကား အခက်အခဲ ပင်ဖြစ်လေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ပအိုဝ်း ဘာသာ
စကားကိုသာ တတ်ကျွမ်းကြ၏ အချို့လည်းရှမ်းစကားကို တတ်ကြသည်။ယခင်က မြန်မာစကား
ပြောတတ် သူနည်းလေသည်။ ဘာသာစကား မကျွမ်းကျင်ခြင်းမှာလည်း ပညာရေးတွင်
အတားအဆီးတစ်ခု သဖွယ် ဖြစ် နေပေသည်။ ထို့ကြောင့် ပအိုဝ်း တိုင်းရင်းသားတို့၏
ပညာရေးအတွက် ဗဟုသုတ နည်းပါး၍ ပညာရေး အားမပေးမှု ၊ ပညာရေးအယူအဆ လွဲမှားမှု ၊
ဘာသာစကား မတတ်ကျွမ်းမှု စသော အခက်အခဲ များကို ကျော်လွှားနိုင်အောင်
ကြိုးစားဖို့ လိုပေသည်။
ယခင်က
ပအိုဝ်းတိုင်းရင်းသားတို့တွင် စာမတတ်သူ ဦးရေ အလွန်များပြားသည်။ နိုင်ငံ
တည်ဆောက်ရာတွင် တိုင်းရင်သားလူမျိုး တစ်မျိုးသည် စာမတတ်ဘဲ နောက်ကျကာ
အောက်ကျ နောက်ကျ ကျန်ရစ်နေခြင်းသည် မလိုလားအပ်သော အချက်ပင်
ဖြစ်သည်။ထို့ကြောင့် တိုင်းရင်းသား အားလုံး လက်တွဲ ညီညီ ဖြင့် ရှေ့သို့ချီ
တတ်နေချိန်တွင် ပအိုဝ်းတိုင်းရင်းသားတို့က ပညာရေးဘက်တွင် နောက်ကျ
ကျန်ရစ်ခြင်းမျိုး မဖြစ်စေသင့်ပေ
တိုင်းရင်းသားလူမျိုးအားလုံးသည်
ပညာရေးတွင်တစ်ပြေးညီ ဖွံ့ဖြိုးတိုးတတ်မှုရှိရန် လိုအပ်ပေသည်။ ထို့ကြောင့်
ပအိုဝ်းတိုင်းရင်းသားတို့၏ ပညာရေးသည် ယနေ့ခေတ် ပညာတတ် ပအိုဝ်းတိုင်းရင်းသား
လူငယ်များတွင် တာဝန်ရှိပေသည်။
ခေတ်ပညာတတ် ပအိုဝ်း တိုင်းရင်းသား
လူငယ်များသည် ပအိုဝ်းတိုင်းရင်းသားတို့၏ မှားယွင်းသောအယူအ
ဆကိုဖျောက်ဖျက်ကာ လမ်းမှန်သို့ ရောက်အောင် ကြံဆောင်ဖို့လိုပေသည်။
ပညာရေးဗဟုသုတ များပြားလာစေရန်အတွက် ပညာပေးရမည်။ဘာသာစကား အခက်အခဲ
ကိုကျော်လွား နိုင်ရန် အတွက်လည်း ကျောင်းနေစ အရွယ် ပအိုဝ်း ကလေး သူငယ်
များအား မြန်မာစကားကို သင်ကြားပေးရန် လိုပေသည်။ ထို့ကြောင့်
ကျောင်းပိတ်ချိန် အားလပ်ရက် များတွင် အထက်တန်း ပညာကို ဆည်းပူး နေကြ သော
ပအိုဝ်းလူငယ် လူရွယ်များ၊ ဘွဲ့ရပြီးသူများသည် ကျေးလက်တော ရွာသို့ဆင်းပြီး
ပညာပေးဟာပြော ပွဲများ ကျင်းပခြင်း ပညာရေးဗဟုသုတ ဖြန့်ဖြူးပေးခြင်း
မြန်မာဘာသာစကားကို ကျောင်း
နေစအရွယ်
ကလေးသူငယ်တို့အား အထူးဦးစားပေး၍ သင်ကြားပေးခြင်း ကျောင်းနေစ အရွယ် ကလေးသူ
ငယ်တို့အား အထူးဦးစားပေ၍ သင်ကြားပေးခြင်း ကျောင်းနေစ အရွယ်
ကလေးသူငယ်တို့အား ကျောင်းနေ၍ စာသင်လိုစိတ် ပေါ်လာအောင် ၊ ကောင်းနေပျော်၍စာ
တော်လာအောင် အားပေးလှုံ့ဆော်ခြင်း ပြုလုပ်ပေး ရန် လိုအပ်လှပေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်
အစိုး၊ ပညာရေးဌာန က ၁၉၄၇-၇၅ ခုနှစ်မှစ၍ မသင်မနေရ၊ အခြခံမူလတန်း
ပညာရေးစနစ်ကို အကောင်အထည်ဖော်နေပေသည်။ ပအိုဝ်းတိုင်းရင်းသားများကလည်း ဤ
ပညာရေး စီမံကိန်းအကောင်ထည်ဖော်ရာတွင် ပါဝင်ဆင်နွှဲရပေမည်။
ပအိုဝ်းတိုင်းရင်းသားတို့၏
ပညာရေးအတွက် ခေတ်ပညာတတ် ပအိုဝ်းတိုင်းရင်းသား လူငယ်များ အပါအ၀င်
အခြားညီနောင်ဖွား တိုင်းရင်းသား လူငယ်တို့သည် အချင်းချင်း လက်တွဲ၍
ခေတ်နောက်ကျ ကျန်ရစ်နေသော ပအိုဝ်းတိုင်းရင်းသား တို့ကို ကူညီ
လုပ်အားပေးကြလိမ့်မည်ဟု မျှော်လင့်ကြိုဆိုရပေသည်။


Time in Rangoon
0 opmerkings:
Plaas 'n opmerking