ပအိုဝ်းတိုင်းရင်းသားတို့တွင်လည်း စိတ်ဝင်စားဖွယ်ကောင်းသော ရိုးရာပုံပြင်လေးများရှိပါသည်။
ဂုဏ်ဖော်ချင်သူ
တစ်ခါက ရွာတစ်ရွာတွင် မရှိသော်လည်း
ရှိယောင်ဆောင်ကာ ဂုဏ်ဖော်ကြွားဝါချင်သော လူတစ်ယောက်ရှိ၏ ထိုသူ၏အိမ်ဘေးတွင်
အသုဘအိမ်ရှိ၏ ထိုသူသည် အသုဘအိမ်မှာ ထမင်းဟင်းများ ကို ပြန်ယူလာသည်။ အိမ်
သို့လည်း မိတ်တွေများကို ခေါ်လာသည်။
မိတ်ဆွေများကို
မထင်းကျွေးရန်ဟုဆိုပြီး ဇနီးအား အိမ်အောက်သို့ဆင်း၍ ထမင်းပန်းကန်း
ဟင်းပန်းကန်များကို ယူရန်ပြော၏ အိမ်တွင် အိုးခွက် ပန်းကန်များ မရှိသဖြင့်
အိမ်လှေကားတွင် မှီ၍ မည်သို့လုပ်ရမည် နည်းဟု ကြံ စည်နေသည်။ အချိန်အတော်ကြာ
ရပ်နေသဖြင့် လင်ယောင်္ကျား ဖြစ်သူက ဇနီးအား လက်ဖြင့် ကုတ်လိုက်၏ ဇနီးက
နာလွန်းသဖြင့် ငိုလာ၏ ထိုအခါလင်ဖြစ်သူက ဧည့်သည်မိတ်ဆွေ များကြားလောက်အောင်၊
ငါသွားယူတော့လဲ ငါ့နောက်လိုက်ပြီးငိုနေတယ် ဟု ပြောပြီး ၊
အိမ်မီးနားချင်းအိမ် သို့ ပန်းကန်သွားပြီး ငှားသတဲ့။
ပအိုဝ်းလူလည်
တစ်ခါက ရွာတစ်ရွာတွင်
ပအိုဝ်းလင်မယားနှစ်ယောက် ရှိ၏ လင်ကရန်ကုန်သွားဖို့ရှိ၏ ထိုအခါ မယားက
ရန်ကုန်သူ ရန်ကုန်သားများသည် ဈေးရောင်းရာ၌ ဈေးနှုန်းကြီးစွာ
တောင်းတတ်သဖြင့် ပစ္စည်းဝယ်ရာတွင် တစ်ဝက်လောက်ဆစ်ဟု မှာလိုက်၏
ရန်ကုန်ရောက်သောအခါ
ဗိုလ်ချုပ်ဈေး ကုလားဆိုင် တစ်ဆိုင်တွင် အင်္ကျီဝယ်ရန် ဈေးမေး၏
ဆိုင်ရှင်ကုလား က ၁၀၀ ကျပ်ဟု ဈေးပြော၏ သူက မိမိမယားပြောသည့်အတိုင်း ၅၀
ကျပ်ဆစ်၏ ကုလားက၀ယ်သွားဟုပြော ၏ သူက ၂၅ ကျပ်ပြန်ဆစ်၏ ကုလားကစိတ်တိုလာ၍
အလကားယူသွားဟူ၍ ပြော၏ ထိုအခါသူက နောက် ထပ် တစ်ထည် အဆစ်ပေးပါလား ဟု
ပြောသတဲ့။
ထမ်းဖိုးနှင့် ကွတ်ကွတ်
တစ်ခါက လင်မယားနှစ်ယောက်ရှိ၏
တစ်နေ့တွင် မယားလုပ်သူက လင်ယောင်္ကျားထံ ထမင်းသွားပို့၏ မယား ကခြံစည်းရိုးကို
ကျော်၍သွား၏ အသံကြားရာသို့ လင်ယောင်္ကျားဖြစ်သူက မိမိတွင်ရှိသော တူမီးသေနတ်
ဖြင့် ပစ်လိုက်၏ သေနတ်ဖြင့် ပစ်လိုက်သောအခါ တစ်စုံတစ်ယောက် လဲသွားသည်ကို
တွေ့၏ ပြေး၍ကြည့်ရာ မိမိ မယားသည် သေနတ်ဒဏ်ရာဖြင့် လဲနေသည်ကို တွေ့ရ၏
မယားလုပ်သူက မိမိလင်ယောင်္ကျားအား
နာသကွတ် (နင်သိပ်ကောက်ကျစ်တယ်နော်) ဟုပြော၏ လင်ယော င်္ကျားက
ခွေထမ်းဖိုး(ငါနွားထင်လို့)ဟုပြန်ပြောလေသည်။လင်ယောင်္ကျားသေသွားသောအခါ
လင်ယောင်္ကျား က ထမ်းဖိုး (ပအိုဝ်းအခေါ်)ဟုခေါ်သောငှက်ဖြစ်၏ မယားက ကွတ်ကွတ်
ဟုခေါ်သော ငှက်ဖြစ်၏ (ပအိုဝ်းအခေါ်) ကွတ်ဟုမြည်သောငှက်မှာ အမဖြစ်ပြီး
ထမ်းဖိုး ဟု မြည်သော ငှက်မှာ အထီးဖြစ်သည်ဟု ပအိုဝ်းတိုင်းရင်းသားတို့က
ပြောစမှတ်ပြုကြသတဲ့။
သရက်သီးစားချင်လျှင်ပအိုဝ်းအကသင်ထားကြ
တစ်ခါက ပအိုဝ်းအက အဖွဲ့တစ်ဖွဲ့သည်
အိမ်တစ်အိမ်၏ သရက်ပင်အောက်တွင် စုဝေးပြီးကနေကြသည်။ထို အချိန်မှာ သရက်သီးသီး
ချိန်ဖြစ်၏ သရက်ပင်တွင် သရက်သီးများ ကိုင်းလုံးညွတ်မျှ သီးလျက်ရှိသည်။ထို
သရက်ပင်မှည သိပ်မမြင့်လှချေ။ အကအဖွဲ့တစ်ဖွဲ့သည် ထိုသရက်ပင်အောက်တွင်
အချိန်တန်ကြာရပ်၍ ကနေကြလေသည်။
အကအဖွဲ့ထွက်သွားသောအခါ
လက်လှမ်းမီသည့် သရက်ကိုင်းတွင် ညွတ်ကျနေသော သရက်သီးများ မရှိ
တော့ချေ။အဘယ့်ကြောင့်ဆိုသော် အက အဖွဲ့မှကကြသည့်ဝဲယာ လက်တစ်ဘက်ကို
မြောက်ကာကရင်း သရက်သီးများကို အပျော်သဘောဖြင့်
ခူးဆွတ်သွားကြသောကြောင့်တည်း။


Time in Rangoon
0 opmerkings:
Plaas 'n opmerking