ရှမ်းပြည်နယ်တွင်နေထိုင်ကြသော တိုင်းရင်းသား အားလုံးလိုလိုပင်ယောင်္ကျားများ၏
ကိုယ်ပေါ်တွင် ထိုးကွင်း မင်ကြောင်ကို ထိုးနှံထားလေ့ရှိကြသည်။ပအိုဝ်း
တိုင်းရင်းသားတို့တွင်လည်း ထိုးကွင်းမင်ကြောင် ထိုးသည့် ဓလေ့ ရှိခဲ့သည်။
ရင်ဘတ်၊ကျော ၊လက်မောင်း၊ပေါင် ၊ခြေသလုံး စသည့်နေရာများတွင်
အနီရောင်ဆေးမင်ကြောင်နှင့် အနက်ရောင်ဆေးမှင်ကြောင်ကိုထိုးလေ့ရှိကြသည်။
ရှေးကအမျိုးသားများသည် ကသောအခါ ဘောင်းဘီကိုပေါင်ရင်းလောက်ပင့်၍
ဆေးမင်ကြောင်ကို ပြကာ က ကြလေသည်။
ရှေးအခါကအမျိုးသားများသည်ပေါင်တွင်ထိုးကွင်းထိုးထားခြင်းမရှိပါကမိန်းမ ဟု ခေါ်ဝေါ်သမုတ်ခြင်းခံရသည် ထို့ကြောင့် ထိုးကွင်းထိုးခြင်း၏ ရည်ရွယ်ချက်မှာ ယောင်္ကျားပီသစေရန် ပင်ဖြစ်သည်။ ထို့အပြင် အချို့ထိုးကွင်း များသည် တုတ်ပီး၊ဓားပီး၊ ပီယဆေးစသည့် စွမ်းကြောင်းဖြင့် အယူအဆ အချို့ရှိလေသည်။ ယခုခေတ် လူငယ် များတွင် မူပေါင်တွင် ထိုးနှံခြင်း မရှိတော့ပဲ အလှအပ သဘောအဖြစ် လက်မောင်းတွင် အနည်းငယ်သာ ထိုးကြ တော့သည်။

Time in Rangoon
0 opmerkings:
Plaas 'n opmerking