ပြည်ထောင်စု၊
မြန်မာနိုင်ငံတော်ဆိုတာတိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်တည်ထောင်ခဲ့တဲ့နိုင်ငံတော်ကြီးဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးနဲ့ဖွဲ့စည်းတည်ထောင်ထားတဲ့ အမိနိုငံတော် တွင်းမှာလူမျိုးအများစုဟာ သူတို့ရဲ့ အမည်နာမရဲ့ ရှေ့မှာရိုးရာ အမည်ရှိကြပါတယ်။
လူမျိုးတစ်မျိုးရဲ့ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တစ်ခုပဲဖြစ်ပါတယ်။
ဥပမာ၊
ခွန်+နင်း၊ စိုင်း+နန်း၊ မောင်+မ၊ စော+နော်၊ စံ+နန့်၊ ဆလိုင်း+မိုင်၊
ဆိုတာတွေဟာ
ဘာလူမျိုး
ဆိုတဲ့မေးခွန်းရဲ့
အဖြေတွေပဲဖြစ်ပါတယ်။
မြို့ကြီးပြကြီးများရှိ ကျောင်းတက်နေသောကျောင်းသူကလေးများ၊ သင်းတန်းအမျိုးမျိုးတက်ရောက်နေကြသော သင်တန်းသူများ၊ ရုံး၊ ကုမ္ပဏီများမှာ အလုပ်လုပ်နေကြသော ၀န်ထမ်းများနေ့ ကိုယ့်မြို့ကိုယ့်ရွာရှိ မူလတန်း၊အလယ်တန်း၊ အထက်ကျောင်းများရှိ ပအိုဝ်းအမျိုးသမီးလေးများဟာ နန်းဆိုတဲ့ ရိုးရာ အမည်တစ်ခုကို ကိုယ့်ရဲ့မျိုးရိုး ကိုယ့်ရဲ့ရိုးရာ အမည်နာမအဖြစ်ဖြင့် သုံးနှုန်းနေကြတာတွေ တွေ့မြင်နေရတဲ့ အတိုင်းပါပဲ ။
အဖြစ်က
နင်;ကို နင်;လို့ ပီသအောင် မခေါ်ဆိုနိုင်တဲ့ လူမျိုးကွဲတွေအတွက် ပီသအောင် (သို့) အနီးစပ်ဆုံးတူအောင် ဆိုပြီး နင်;ကို နန်းလို့ သုံးစွဲလာကြဟန်တူပါတယ်။
ဒါပေမယ့်
နင်;ဟာ နင်;၊ နန်းဟာနန်းပါပဲ။ အသံထွက်မှာရော အဓိပ္ပါယ်မှာပါ တူမယောင်ယောင်နဲ့ လုံးဝကွဲပြား ခြားနားနေပါတယ်။
ဥပမာ-
ခွန်ဆိုတာက
ဘုရင်ပါ ဘုရင်ကို
ခွင်၊ ခွန်းဆိုပြီး အနည်းငယ်တိမ်းစောင်းရေးလိုက်မယ်ဆိုရင် ဘုရင်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်မှုမရှိနိုင်တော့ပါ။
ဒီလိုပါပဲ
နင်;ကို နန်းဆိုပြီး တိမ်းစောင်းရေးလိုက်ရင် မျိုးရိုးနာမည်အမှန်ကို သွေဖယ်ပြီး၊ မျိုးရိုးအမည်ကိုလည်းပဲ ပျက်သွားနိုင်ပါတယ်။
သာဓကပြောရရင်
သကြားရည်
ပြစ်ပြစ်ပုံးလေးငါးရာလောက်နဲ့
ပင်လယ်သမုဒ္ဒရာထဲကို
သွန်ပစ်လိုက်လို့
ပင်လယ်သမုဒ္ဒရာကြီး
ချို (သို့) မချိုမငံ ဖြစ်သွားရိုး ထုံးစံမရှိပါ။
သကြားရည်သာလျှင် ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။
မြန်မာစာရေးကြတဲ့အခါ
(သို့) လူမျိုးခြားတွေအတွက် နာမည်ရေး၊ ပြောတဲ့အခါတွေမှာ နင်;မဟုတ်တော့ဘဲ နန်းဖြစ်သွားတော့ ဖတ်ရ၊ ကြားရသူပအိုဝ်းစစ်စစ် တစ်ယောက်ကတောင် ရှမ်းမလား၊ ပအိုဝ်းမလား၊ မသိရင် ရိုးရာ(မျိုးရိုး) အမည်မရှိကြသည် လူမျိုးများဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်
ကျွန်တော်တို့
ပအိုဝ်းလူကြီး၊လူငယ်မရွေး၊
မျိုးရိုးနာမည်အမှန်ကို
တပ်ပြီးသုံးကြဖို့
အင်မတန်မှ
အရေးကြီးလာပါတယ်၊
ဒီလိုရိုးရာအမည်ကို
ထည့်သုံးခြင်းဖြင့်
ပအိုဝ်းလူမျိုးတွေရဲ့
တိုးတက်ကျော်ကြားရေးဆိုတဲ့
ကဏ္ဍမှာ သင့်ဟာ အုတ်တစ်ချပ်မဆိုသာတောင်၊ သဲတစ်ပွင့်ဖြင့် ပါဝင်တာဝန် ထမ်းဆောင်ပေးခြင်းပဲဖြစ်ပါတယ်။
ဟိုး……အရင်တစ်ချိန်တုန်းကဆို ပအိုဝ်းစာပေ ၀ါသနာရှင်များနှင့် လူမျိုးခြားတွေဟာ ပအိုဝ်း ဆိုတဲ့ စာလုံးကို မြန်မာလိုရေးကြတဲ့အခါမှာ
ပအို့၊ ပအိုဝ်၊ ပအိုဝ်း၊ ဆိုပြီး အမျိုးမျိုးရေးပြီး အိုးချင်သလိုအိုးခဲ့ကြပါတယ်။
တစ်ချို့လူမျိုးခြားတွေဆို
ပအိုင်း အပြင် ပလောင်(၀်) ဆိုပြီးလည်း ရန်ဖန်ရန်ခါ ဖတ်ခဲ့ရဖူးပါတယ်။
ကျွန်တော်တို့အနေနဲ့
ပြဿနာမရှိပေမယ့် တစ်ခြားလူမျိုးကွဲတွေအတွက်တော့၊
ပလောင်(၀်) လူမျိုးမှန်းမသိ၊ ပအိုဝ်းလူမျိုးမှန်းမသိတွေ
ဖြစ်ရပါတယ်။
ဒီလောက်ဆို
မျိုးရိုးအမည်ဟာ မည်မျှအရေးပါကြောင်းကို
စာဖတ်သူများ တိုးချဲ့ပြီးစဉ်းစားတွေးခေါ်နိုင်ပါလိမ့်မယ်လို့
ယုံကြည်မျှော်လင့်မိပါတယ်။
ပအိုဝ်း
ဆိုတဲ့စာလုံးနဲ့ ပတ်သက်လို့ အမျိုးမျိုးရေးပြီး အိုးကြတဲ့အခါ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သုံးသင့်သော ပအိုဝ်းတစ်လုံးကိုသာ သုံးကြပါစေရန် ရည်ရွယ်ပြီး ကဗျာလေးတစ်ပုဒ်နဲ့ ပအိုဝ်းမဂ္ဂဇင်း တစ်စောင်မှာ ဖော်ပြထားတာကို ဖတ်လိုက်ရဖူးပါတယ်။
နှစ်
နှစ်ဆယ်ကျော်လောက်ကတည်းက
ဆိုတော့ တိတိကျကျ မမှတ်မိတော့ဘူး ထင်ပါတယ်။
မိမှတ်သလောက်ရေးလိုက်ပါရစေ
`ပအို့၊
ပအိုဝ်၊ ပအိုဝ်း
ဤသုံးမျိုးတွင်
ပအိုဝ်းဖြင့်သာ သုံးစွဲပါ။
ပအိုဝ်းဖြင့်သာ
တို့ကြိုက်ပါ၏` ဆိုတဲ့ ဒီကဗျာပေါ်ပြီး နောက်ပိုင်းမှာ သိသိသာသာ ပအိုဝ်းဆိုပြီး သုံးလာတာတွေ ဖတ်လာရပါတယ်။
အဲသလိုပါပဲ
နင်;ကို နန်းလို သုံးမည့်အစား နင်;ကို လူမျိုးခြားတွေ အသံထွက်တတ်သလို နင်းလို့ပဲ အသံထွက်စေပြီး နင်;ကိုပဲ သုံးစွဲကြဖို့ ဒီဆောင်းပါးမှ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဘာလူမျိုးလဲ
ပအိုဝ်း
နာမည်ဘယ်လိုခေါ်လဲ
နန်းငွေဆိုရင်တော့ ရှမ်းမလေးတစ်ယောက်လို့
ယူဆကြမှာပါ။
ကိုယ့်မြို့၊ကိုယ့်ရွာ
ကိုယ့်ဒေသမှာတော့ အချင်းချင်းက သိပေမယ့် တစ်ခြားမြို့ တစ်ခြားရွာ တစ်ခြားဒေသ သို့ အကြောင်းမျိုးမျိုးနဲ့
ရောက်ရှိနေတဲ့အခါ ကိုယ့်အချင်းချင်းတောင်
မသိလို့ရှိရင်၊မြန်မာကို
ကမ္ဘာက သိရမယ် ဆိုတဲ့ ဆောင်ပုဒ်လို ပအိုဝ်းကို အများက သိဖို့အတွက် အတားအဆီးတစ်ခု ဖြစ်နေကြောင်းကို ပြောချင်တာပါ။
မြန်မာပြည်ရဲ့
ငါးဆယ်နှစ်သန်း ကျော်လူဦးရေနဲ့ နှိုင်းစာရင် အများစုဟာ ပအိုဝ်းဆိုတဲ့ လူမျိုးစုကို မသိကြပေမယ့် ၁၃၅ မျိုးသော လူမျိုးစုတွေထဲမှာ အဆင့်အတန်းမြင့်မြင့်ပါဝင်နေကြောင်းကို
ဘယ်အချက်အလက်နဲ့မှ ငြင်းပယ်နိုင်မည်မဟုတ်ပါ။
ကိုယ့်လူမျိုး၊ကိုယ့်ဘာသာ၊ကိုယ့်သာသနာ၊
ကိုယ့်စာ၊ ကိုယ့်စကား၊ကိုယ့်ဓလေ့ထုံးစံ၊
ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အနုပညာ၊ကိုယ့်ရိုးရာဆိုတဲ့
အချက်တွေနဲ့ ပြည့်စုံတဲ့ လူမျိုးဖြစ်နေလို့ပါပဲ။
ဘာသာရေးမှာလည်း
သူမတူအောင်ကိုကိုင်းရှိုင်းလှပါတယ်။
ကိုင်းရှိုင်းခြင်းရဲ့
အတိတ်သမိုင်းမှာရော ပစ္စပ္ပန်မှာပါ သိကြတဲ့ အတိုင်းပါပဲ။
မျိုးချစ်စိတ်ဘက်က
ကြည့်မယ်ဆိုရင်လည်း နိုင်ငံအတွက် လူမျိုးအတွက် အသက်ပေးသွားခဲ့ကြတဲ့ မျိုးချစ်အာဇာနည် သူရဲကောင်း များစွာလည်း ပေါ်ထွန်းနေခဲ့ကြကြောင်းကို
သမိုင်းစာမျက်နှာတွေက
သက်သေမဟုတ်ပါလား။
ရိုးရာပြုန်းရင်
လူမျိုးတုံး တယ်တဲ့ ကျွှန်တော်တို့တတွေရဲ့
ရှေးလူကြီး ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ တွေက လူမျိုးတစ်မျိုးရဲ့ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံအောင်၊ မျက်နှာမငယ်ရလေအောင် ကြိုးစားစွမ်းဆောင် အမွေပေးခဲ့ပြီဖြစ်လို့
ကျွန်တော် တို့ခေတ်လူငယ်တွေအနေနဲ့လည်း
ရှိပြီးသားရိုးရာတွေ မပျက်ဆီးရအောင်နဲ့ ပညာရေး၊ လူမှုရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက်
တတ်သိနားလည်သည့် အခန်းကဏ္ဍမှနေပြီး၊ အုတ်တစ်ချပ် သဲတစ်ပွင့် ရေတစ်မုတ်သယ်ဆောင်ပြီး
အဆောက်အဦးကြီးဆီသို့
လျှောက်လှမ်းကြပါရန် လုံဆော်ပြောကြားရင်း စာရေးသူ ကျွှန်တော်အမြင်ကို ရေးသားတင်ပြခွင့်ရလို့
ကျေးဇူးအထူးတင်ရိုပါကြောင်း……..
ခွန်ဆားဗွာ
(ခွန်ကြယ်ဖြူ)
ဆီဆိုင်
ခေတ္တ
ရန်ကုန်
ရေးသားသော
မွူးလာရောင်;
စာစောင်အတွဲ(၂)မှ ပြန်လည်ဖော်ပြလိုက်ရပါတယ်
ခွေသွဉ်း ခွန်ဝေးခမ်းဦး


Time in Rangoon
0 opmerkings:
Plaas 'n opmerking